Website basics and URL structure
Website ဆိုတာဘာလဲ
နည်းပညာတွေမြင့်မားလာတဲ့နောက် ကျွန်တော်တိုတွေဘဝမှာ Internet ဆိုတဲ့အရာကြီးက ဝင်ရောက်လာပါတယ်။ အဲ့အချိန်ကစပြီး google.com , wikipedia.org , amazon.com အစရှိသဖြင့် Website တွေပေါ်ပေါက်လာပါ။ ကျွန်တော်တိုရဲ့ နေ့စဉ်ဘဝကို ဖြည့်စွက်ပေးနေတဲ့ Facebook ဆိုတဲ့အရာကြီးကလည်း website တစ်ခုပါပဲ။ website တွေဟာ ထင်မှတ်မထားလောက်အောင် အရေးပါလာကြပါပြီ။
web page အစုအပေါင်းတစ်ခုဟာ website ဖြစ်ပါတယ်။ website တစ်ခုကိုရှာဖိုဆိုရင် URLs လိုခေါ်တဲ့ Uniform Resource Locators (Web Addresses) လိုပါတယ်။
eg: http://www.nps.gov/yose/index.html
URLs ကို အပိုင်းလေးတွေခွဲပြီး လေ့လာကြည့်ရမယ်ဆိုရင် -
http:// - Hypertext Transfer Protocol http:// က web server ကို brower တစ်ခုနဲ့ ချိတ်ဆက်ဖို ခွင့်ပြုတဲ့ ဆက်သွယ်ရေးနည်းဥပဒေတစ်ခုပေါ့။ ဒါပေမယ့် ခုခေတ် website အများစုက https:// ကို အသုံးပြုကြပါတယ်။ https:// ရဲ့ 's' က 'secure' လို့ ဆိုလိုပြီး SSL/TLS encryption နဲ့ လုံခြုံမှု ပိုမိုကောင်းမွန်အောင် လုပ်ထားတာပါ။ https:// သုံးထားတဲ့ website တွေမှာ user နဲ့ server ကြားမှာ ဖလှယ်တဲ့ data တွေက encrypted (ကုဒ်ဝှက်ထား) ဖြစ်ပြီး လုံခြုံပါတယ်။ အထူးသဖြင့် password, credit card information စတဲ့ sensitive data တွေ ပို့တဲ့အခါ https:// က အရေးကြီးပါတယ်။
www.nps.gov/ - Domain name ဒီနေရာမှာ www. ဆိုတာက Subdomain ဖြစ်ပြီး World Wide Web ကို ရည်ညွှန်းပါတယ်။ အတိုကောက်အားဖြင့် World Wide Web, www , W3 ဒါမှမဟုတ် web လိုခေါ်နေကြတဲ့ အရာလေးက အင်တာနက်အတွက် ဂရပ်ဖစ်မျက်နှာပြင်တစ်ခုဖြစ်ပါတယ်။ သူ့ကို ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့မှာ Tim Berners-Lee ကနေ တရားဝင်ထုတ်လွှင့်ခဲ့ပြီး ၁၉၉၁ ၊ ဩဂုတ်လ ၊ ၂၃ ရက်မှာ လူတိုင်းအသုံးပြုနိုင်ခဲ့ပါတယ်။
www ပြီးတော့ nps.gov/ သူကမှ domain name ကျွန်တော်တိုရှာနေတဲ့ website ရဲ့နာမည်အစစ်။ nps က ကျွန်တော်တိုရှာနေတဲ့ website ဖြစ်တယ် .gov က ကျတော့ domain suffix ဖြစ်ပြီး top-level domain (TLD) လိုခေါ်ပါတယ်။ ဒီမှာပါတဲ့ .gov က အစိုးရအဖွဲအစည်းတစ်ခုရဲ့ website ဖြစ်ကြောင်း ပြောထားတာပါ။ .edu ဆိုရင် ပညာရေး ၊ .com ဆိုရင် စီးပွားရေး ၊ .org ဆိုရင် အဖွဲအစည်းအတွက် အစရှိဖြင့် website ရဲ့အမျိုးအစားကို ဖော်ပြထားပါတယ်။
TLD မှာ Country Code top-level domain ( ccTLD ) နဲ့ Sponsored top-level domain ( sTLD ) ဆိုပြီးကွဲလာပါတယ်။ ccTLD ကတော့ .mm , .uk , .us အစရှိတာမျိုးတွေဖြစ်ပြီးတော့ sTLD ကတော့ .edu , .aero , .asia လိုမျိုး domain တွေဖြစ်ပါတယ်။
yose/ - directory name directory name ဆိုတာက brower ကနေ စာသားဒါမှမဟုတ် ဖိုင်တွဲတစ်ခုကို ရှာဖွေရန်အတွက် ဆာဗာပေါ်က နာမည်တစ်ခုဖြစ်ပါတယ်။ ယေဘုယျအားဖြင့် Domain name သည် Network Domain တစ်ခုကိုခွဲခြားသတ်မှတ်သည် (သို) ၎င်းဟာအင်တာနက်ချိတ်ဆက်ရန်အသုံးပြုတဲ့ ကိုယ်ပိုင်ကွန်ပျူတာ၊ Website computer server တစ်ခု သိုမဟုတ် website သိုမဟုတ် အခြားေသာ အင်တာနက္မှတဆင့်ဆက်သွယ်ရေးဝန်ဆောင်မှုကဲ့သိုသော Internet Protocol (IP) ရင်းမြစ်ကိုကိုယ်စားပြုပါတယ်။ ဒီမှာ ပြထားတဲ့ Yose ကတော့ Yosemite (Yellow National Park) ကို ရည်ညွှန်းပါတယ်။
index.html - File name / extension သူကတော့ ကျွန်ုပ်တိုကြည့်နေတဲ့ domain ပေါ်က မှန်ကန်တဲ့ web page ဖြစ်ပြီးတော့ .html ဆိုတာက web page ကို HTML ( Hypertext Market Language ) နဲ့ ရေးထားကြောင်း ဖော်ပြတဲ့ file extention ဖြစ်ပါတယ်ခင်ဗျာ။
Last updated